PN Care ( မီးတွင်းကာလဖြစ်တတ်သော ပြဿနာများ )
11-May-2017ကလေးမွေးပြီး ပထမ (၆)ပတ် သို့ ၄၂ ရက်ကို မီးတွင်းကာလလို ့ခေါ်ဆိုပါသည်။ထိုကာလအတွင်း အမျိုးမျိုးသော ဇီဝကမ္မဖြစ်စဉ်များဖြစ်ပေါ်ပါသည်။
- နှလုံးနှင့်သွေးကြောဆိုင်ရာ လုပ်ငန်းဆောင်တာများသည် ဝန်ပိုထမ်းဆောင်နေရခြင်းမှ ၂ ပတ် အတွင် ပုံမှန်အခြေအနေသို ့ ရောက်ရှိလာပါသည်။
- အချင်းမွေးဖွားပြီးသည် နှင့် တပြိုင်နက် သားအိမ်၏ အရွယ်အစားသည် ကိုယ်ဝန် အပတ်၂၀ အရွယ်အစားသို ့ ရောက်ရှိကာ တရက်လျှင် လက်တလုံးခန် ့ မျှ ဆက်၍ သေးငယ်သွားပြီး မွေးဖွားပြီး ၁၂ရက်မြောက်နေ ့တွင်ဝမ်းဗိုက်ပေါ်မှစမ်းသပ်၍မရတော့ပေ။
- ပထမ ၃-၄ ရက်အတွင်း မီးနေသွေး အရောင်သည် အနီရောင်ရှိ၍ ရက်ကြာလာသည်နှင့် အမျှ အရောင်ဖျော့ကာ ၁၂ရက်အတွင်း အဝါရောင်သို ့ပြောင်းလဲခြင်းဖြစ်ပေါ်ပါသည်။
မီးတွင်းကာလဖြစ်တတ်သော ပြဿနာများ
- မိန်းမကိုယ်အနီးတဝိုက်နာကျင်ခြင်း
- ချုပ်ရိုးအနီးတဝိုက်နာကျင်ခြင်း
- ဆီးအောင့်ခြင်း၊ဆီးမထိန်းနိုင်ခြင်း
- ဝမ်းချုပ်ခြင်း နှင့် လိပ်ခေါင်းရောဂါဖြစ်ခြင်း၊ပို၍ ဆိုးရွားလာခြင်း
- ရင်သားရောင်ရမ်းခြင်း၊ပိုးဝင်ခြင်း နှင့် ပြည်တည်နာဖြစ်ခြင်း
- လိင်ဆက်ဆံစဉ်နာကျင်ခြင်း
- လအတော်ကြာသည် အထိ ခါးကိုက်ခြင်းကို ခံစားရခြင်း
- သွေးအားနည်းခြင်း
- မီးတွင်းစိတ်ဖောက်ပြန်ခြင်း တို ့ဖြစ်ပါသည်။
မီးတွင်းကာလစိတ်ဖောက်ပြန်ခြင်း
အမျိုးသမီးများသည် ပုံမှန်အချိန်ထက် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း စိတ်ကျန်းမာရေးရောဂါ ခံစားရဖို ့ အခွင့်အလမ်းပိုများပါသည်။
အမျိုးသမီး ၁၀-၁၅% ခန် ့ သည် ကလေးမီးဖွားပြီး ၁နှစ်အတွင်း စိတ်ကျန်းမားရေးရောဂါခံစားရပါသည်။
စိတ်ရောဂါသည် ၅-၁၅ ရက်အတွင်း စိတ်ပူခြင်း၊ဂဏာမငြိမ်ဖြစ်ခြင်း၊ကယောင်ခြောက်ခြားဖြစ်ခြင်း နှင့် ဝမ်းနည်းခြင်း စသည့်လက္ခဏာရပ်များဖြင့် အစပြုတတ်ပါသည်။
မရှိ ၊ မဖြစ်သည့် အကြောင်းအရာများကို မြင်တွေ ့ခံစားနေရခြင်း(ဥပမာ-မိမိကလေးသေဆုံးသွားပြီဟုထင်မှတ်ခြင်း) စသည်တို ့ ဖြစ်ပေါ်လာပါကဆေးရုံသို ့အမြန်သွားရောက်သင့်ပါသည်။
မီးတွင်းကာလ သွေးသွန်ခြင်း
မီးဖွားပြီးစ ၂၄ နာရီ အတွင်း သွေး ၅၀၀ စီစီအထက် ပိုဆင်းပါက မီးတွင်းကာလသွေးသွန်ခြင်းဟုသတ်မှတ်နိုင်ပါသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ၂၀၀-၆၀၀ စီစီ ပမာဏ အထိ မီးတွင်းကာလ သွေးဆင်းနိုင်ပါသည်။
အချင်းကပ်ခြင်းနှင့်သားအိမ်ညှစ်အားလျော့နည်းခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။မိန်းမကိုယ်စုတ်ပြဲခြင်း၊သားအိမ်ပေါက်ပြဲခြင်း နှင့် သွေးမတိတ်သော ရောဂါများကြောင့်လည်း ရံဖန်ရံခါဖြစ်တတ်ပါသည်။
၂၄နောက်ပိုင်းမှမီးတွင်းကာလ ၆ ပတ်အတွင်းသွေးဆင်းခြင်းသည်
သားအိမ်ရောင်ရမ်းခြင်း၊ အချင်းနှင့်သွေးခဲများ သားအိမ်တွင်းတွင်ကျန်ရှိနေခြင်းတို ့ကြောင့်ဖြစ်နိုင်ပါသည်။သွေးဆင်းလွန်ခြင်းဖြစ်ပေါ်ပါက သေချာစွာကုသမှုခံယူဖို ့လိုအပ်ပါသည်။
မီးတွင်းကာလ အဖျားတက်ခြင်း
မီးတွင်းကာလ ပထမ ၁၄ ရက်အတွင်း ကိုယ်အပူချိန် ၃၈ဒီဂရီစင်တီဂရိတ် နှင့် အထက် ရှိခြင်းကို ခေါ်ပါသည်။
သားအိမ်နှင့်သားဥပြွန်တို ့တွင်ပိုးဝင်ခြင်းကြောင့်အဖြစ်များပါသည်။တခါတရံ တင်ပဆုံအတွင်းထိပျံ ့နှံ ့ရောက်ရှိနိုင်ပါသည်။
သွေးပြန်ကြော သွေးခဲပိတ်ဆို ့ခြင်း/ပြုတ်ထွက်ခြင်း
သွေးပြန်ကြောအတွင်း သွေးခဲခြင်း (DVT)
- သွေးပြန်ကြောအတွင်း သွေးခဲလျှင် အများအားဖြင့် ရောဂါလက္ခဏာမပေါ်တတ်ပေ။ သို့မဟုတ် ရောဂါလက္ခဏာ အနည်းငယ်ပေါ်သည်လည်း ဖြစ်နိုင်ပါသည်။
တွေ့ရနိုင်သော ရောဂါလက္ခဏာများမှာ
- ခြေသလုံးများ ရောင်လာခြင်း
- ခြေသလုံးများ ပူလာခြင်း
- ခြေသလုံး၊ ပေါင်တစ်လျှောက် အလိုလို နာလာခြင်း၊ သို့ ထိလိုက်၊ ကိုင်လိုက်၊ မတ်တပ်ရပ်၊ လမ်းလျှောက်မှ နာလာခြင်း
- နီလာခြင်း
သွေးပြန်ကြောတွင် သွေးခဲခြင်း မဟုတ်သော အခြားရောဂါများ(အရေပြား ရောင်ရမ်းခြင်း၊ ကြွက်သားရောဂါများ)တွင်လည်း ယခုလို ရောဂါလက္ခဏာများ တွေ့ရှိရနိုင်ပါသဖြင့် ဆရာဝန်နှင့် ပြသပြီး ရောဂါကို အသေအချာ စစ်ဆေးစမ်းသပ်ရှာဖွေရန် အရေးကြီ်းပါသည်။
မိခင်၏ပုံမှန်လုပ်ငန်းဆောင်တာများဖြစ်သော လမ်းလျှောက်ခြင်း၊အိမ်သာသို ့သွားလာခြင်း နှင့် အနားယူခြင်းတို့ကိုလုပ်ဆောင်သင့်ပါသည်။မွေးဖွားစဉ်ဒဏ်ရာပြင်းထန်ပါက ပို၍ အနားယူချိန်လိုအပ်ပါသည်။မွေးဖွားပြီးသော်လည်း သားအိမ်နာကျင်တာမျိုးသည် အချို ့ အမျိုးသမီးများတွင် ခံစားရလေ့ရှိသည်။
မွေးဖွားပြီးစမှ ကလေး အသက် ၆ လ ထိ မိခင်နို ့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပါသည်။မိခင်နို့တိုက်ကျွေးခြင်းအားဖြင့်--
- ကလေး၏ ကိုယ်ခံစွမ်းအားကိုမြှင့်တင်နိုင်သောကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့်ဝမ်းရောဂါများကိုကာကွယ်နိုင်စွမ်းရှိခြင်း
- ငွေကြေးကုန်ကျမှုသက်သာခြင်း
- မွေးစကလေးသေဆုံးမှုကိုလျော့ချပေးခြင်း
- မိခင်နှင့်ကလေးကိုရင်းနှီးမှုတိုးစေခြင်း
- ကိုယ်ဝန်ဆောင်ပြီးနောက်ကိုယ်အလေးချိန်တက်ခြင်း၊အဝလွန်းခြင်းကို ကာကွယ်ပေးခြင်း
- ရင်သားကင်ဆာ၊မျိုးဥအိမ်ကင်ဆာ နှင့် ဆီးချိုဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း တို့ဖြစ်ပါသည်။
နို ့ဘူးတိုက်ကျွေးမည်ဆိုပါကလည်း ကျွေးမွေးမှုနည်းစနစ် နှင့် သန် ့ ့ရှင်းစေရန်နည်းနာများကို လိုက်နာဆောင်ရွက်ရပါမည်။
သားဆက်ခြားခြင်း
မီးဖွားပီးစ ၂၁ရက်အတွင်း သားဆက်ခြားခြင်းသည် မရှိမဖြစ် မလိုအပ်ပါ။
- ဟော်မုန်းပါသော သားဆက်ခြားနည်းလမ်းများကို ၃ပတ်ကျော်သည်နှင့်အသုံးပြုနိုင်ပါသည်။ဟော်မုန်းနှစ်မျိုးပါဝင်သော သားဆက်ခြားဆေးသည် မိခင်နို ့တိုက်ကျွေးခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်သောကြောင့် သားဖွားမီးယပ်နှင့်သေချာတိုင်ပင်သုံးစွဲသင့်ပါသည်။
- သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ကို မီးဖွားပီးစ ၄၈ နာရီအတွင်းနှင့် ၄ ပတ်ကျော်ပြီးလျှင် အသုံးပြုနိုင်ပါသည်။
- သားကြောဖြတ်ခြင်းကို မီးဖွားပြီး ၆ ပတ်ကြာလျှင် အသုံးပြုနိုင်ပါသည်။
မိခင်နို ့တိုက်ကျွေးခြင်းဖြင့် သန္ဓေတားခြင်းသည်-
- ရာသီသွေး (လုံးဝ) လုံးဝ မဆင်းလျှင်
- မိခင်နို ့တစ်မျိုးတည်းကိုသာတိုက်ကျွေးလျှင်
- ကလေးအသက် ၆ လအောက်ဖြစ်လျှင်
စိတ်ချရမှုသည် ၉၈% ရှိပါသည်။
DR.THIHA (7887 HEALTH CARE CALL CENTER)
REFERENCE FROM-WWW.PATIENT.INFO